ကွယ်လွန်သွားခဲ့သော တေးရေးဆရာ စောဘီးချယ် သီကုံးရေးစပ်ခဲ့သော ဒီသီချင်းကို တေးဆို စောအယ်လယ်သ ကသီဆိုထားပါတယ်. သီချင်းရဲ့ ခေါင်းစဉ်ကတော့ မြန်မာလိုဘာသာ ပြန်ရမယ်ဆိုရင်............... "သံလွင်မြစ်နှင့်သောင်ရင်းမြစ်ကိုစံနမူနာအတုယူပါ" လို့...........တခါထဲပဲ သီချင်းကို အကျဉ်းချုပ်ဘာသာပြန်ပေးလိုက်ပါရစေ...ကရင်လူမျိုးကိုချစ်ပြီးကရင်စကားကိုဂဃဏနသိပ်နားမလည်သေးသောညီအစ်ကိုများအတွက်ကိုရည်စူးပြီး......................
"တခုထဲသောအလံတော်အောက်မှာရှင်သန်နေတဲ့တို့ရဲ့ကရင်လူမျိုးများဘာကြောင့်တစိတ်တဝမ်းထဲမရှိကြတာလဲ?"..
"ကျွန်တော့်ထင်မြင်ယူဆချက်မမှားဘူးဆိုရင် တို့ရဲ့အလံတော်သည် (၂)ခု မရှိ..ဒီအတိုင်းပဲ ချစ်တဲ့ကရင်ပြည်ဟာလည်း (၂)ခုမရှိ"....."ကျွန်တော်တို့အားလုံး တစုတစည်းထဲစည်းစည်း လုံးလုံး ဖြစ်သင့်ပြီ"........
" သံလွင်မြစ် နှင့် သောင်ရင်းမြစ် ကိုကြည့်မယ်ဆိုရင် ဒီမြစ်နှစ်စင်းဟာ ဘယ်ကပဲ စီးဆင်းလာပါစေ.. နောက်ဆုံးတော့သူတို့နှစ်စင်းဟာ မြစ်ကြီးတစင်းအနေနဲ့ ပေါင်းစပ်ပြီး ပင်လယ်ထဲကို စီးဆင်းသွားပါတယ်"...
ဒီမှာကျွန်တော်ပြောချင်တာ ကတော့တို့ကရင်လူမျိုးများဟာ ဘယ်လိုပဲစကားတွေ ဘာသာတွေကွဲပြားနေ ပါစေ ကျွန်တော်တို့ဟာ "ကရင်" ဆိုတဲ့လူမျိုးစုကြီးကနေဆင်းသက်လာတာပါ...ဒီလိုကွဲပြားနေတဲ့ အမြင်အ ယူအဆ တွေကို ပြုပြင်ပြောင်းလဲပစ်ပြီးတော့ စည်းစည်းလုံးလုံး တစိတ်တဝမ်းထဲနဲ့ လိုရာပန်းတိုင်ကို ချီ တက်ကြပါစို့လို့တိုက်တွန်းချင်ပါတယ်
Read More...
Summary only...
သတ်မတော် မှ ဒုတိယခေါင်းဆောင်ကြီး နာဂစ်မုန်တိုင်းသင့်ခဲ့တဲ့ဒေသကိုသွားတော့မယ်တဲ့နော်.......ကဲ..ဒေသဆိုင်ရာတာဝန်ရှိသူများကျေးဇူးပြုပြီးအကောင်းတကာ့အကောင်းဆုံး ငါးဆူတောင်ထုတ် ယမကာ နဲ့စောင့်မျှော်ကြိုဆိုကြပါ...လို့ပန်ကြားအပ်ပါတယ်ခင်ဗျား........
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် မနက်ဖြန်တွင် နာဂစ် မုန်တိုင်းသင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် နာဂစ် မုန်တိုင်းတိုက်ပြီးနောက် ဒုတိယအကြိမ် သွားရောက်သည့် ခရီးစဉ်အတွင်း ကျုံဒါးအပါအဝင် ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ ဆောက်လုပ်နေမှုကို စစ်ဆေးရန် သွားမှာဖြစ်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နာဂစ်ဒေသသို့ သွားရောက် စစ်ဆေးခဲ့သော နေရာများကိုပင် အဓိက ဦးတည် သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
နိုဝင်ဘာလဆန်း ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြစ်ဝကျွန်းပေါ် တနှစ်တခေါက် ခရီးစဉ်၏ ဒုတိယအကြိမ်တွင် ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ အပါအဝင် နိုင်ငံပိုင် စီမံကိန်းများ အားလုံး မတ်လ ၃၁ ရက်နေ့အပြီးသတ်ရန် မှာကြားထားခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးခရီးစဉ်မှာ မပြီးပြတ်နိုင်သေးသော စီမံကိန်းများ အပြတ်ဖြတ်ရေး တိုက်တွန်းရန် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
အေးရှားဝေါလ်၊ ရွှေသံလွင်၊ ထူးထရိတ်ဒင်း၊ တီဇက်တီအမ် အပါအဝင် စစ်အစိုးရ၏ လူရင်း လုပ်ငန်းရှင်များ၏ ကုမ္ပဏီများက တာဝန်ယူ တည်ဆောက် နေကြရသည်။
ယခု စီမံကိန်းသည် မထိရောက်ဟု ဝေဖန်မှုများလည်းရှိသည်။ ၂၀၀၈ ခုနှစ် မေလအတွင်း လူ ၁ သိန်း လေးသောင်းခန့် သေကြေပျောက်ဆုံးခဲ့ရသော နာဂစ် ဆိုင်ကလုံး မုန်တိုင်းလို ပမာဏရှိသော ဆိုင်ကလုံး ဖြစ်လာလျှင် ခိုလှုံရာ အဆောက်အဦးများ ပိုလိုအပ်လိမ့်မည်ဟု ဝေဖန်သူများက ဆိုသည်။
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သူနှင့် အထက်အောက် ရင်းနှီးစွာ နေခဲ့ဖူးသော ဒုတိယ ဗိုလ်ချုပ်ကြီး မြသင်း နာရေးကြောင့် နေပြည်တော်မှသည် ရန်ကုန်သို့ ရောက်ရှိနေခဲ့သည်။
ယခင် ပြည်ထဲရေး ဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြသင်း (အသက် ၇၉ နှစ်) သည် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားသည်။
Read More...
Summary only...
တပ်မဟာ(၁) ဒူးသထူခရိုင်
- ၂၆.၁၂.၂၀၀၉ နေ့ ဘီးလင်းမြို့နယ်တွင် DKBA 333 တပ်ရင်း(၃) စခန်းမှုးစိုးအောင် သည် လယ်ကဒယ် ကျေးရွာအား အင်ဖက်(၁၀၀၀)ခက်၊ နိုကနဲ ကျေးရွာ အားအင်ဖက်(၁၀၀၀)ခက် တို့ကို တောင်တက်ကုန်းစခန်းသို့ ၂.၁.၂၀၁၀နေ့တွင် အတင်းအကြပ် အရောက်ပို့ဆောင်ခိုင်း......
တပ်မဟာ(၂) တောင်ငူခရိုင်
- နေ့ ၄.၁.၂၀၁၀ အချိန် ၁၅:၁၈ ကျွှန်တော်တို့ KNU ဘက်မှ ရန်သူအား လယ်ထိုးဘို အနီးတွင် စောင့်ပစ်ရာ နအဖ ၏ ဘက်တော်သား (၁) ယောက် ဘဝပြောင်းသွား
- နေ့ ၅.၁.၂၀၁၀ အချိန် ၁၃:၄၀ ထီးညာပယ်လို စခန်းအနီးတဝိုက်တွင် ကျွန်တော်တို့ KNU ၏ပြောက်ကျားပစ်ခတ် မှုကြောင့် ရန်သူ(၁) ယောက်ဒဏ်ရာရ
- ၄.၁.၂၀၁၀ နေ့ ထန်းတပင်မြို့နယ် နအဖ ၏ စကခ(၇) သည် ကလောမီးဒဲ ကျေးရွာသူ (၃၀)ယောက် ကျေးရွာသား (၄၀) ယောက်တို့ အား ပလက်ဝ မှ ကလောမီးဒဲ သို့ ပေါ်တာ အဖြစ်အတင်းအကြပ်စေခိုင်း....
- ၅.၁.၂၀၁၀ နေ့ အထက်က နအဖ တပ် စကခ(၇)သည် ကလော်မီးဒဲ ကျေးရွာသူရွာသား စုစုပေါင်း (၇၀) ယောက်၊ မော်ဖါးဒဲ ကျေးရွာ မှ (၄၀) ယောက် နှင့် လမ်းတွင် ဖမ်းဆီးသော တခြားရွာ မှ (၁၈) ယောက် တို့အား ပလက်ဝ မှ ကလော်မီးဒဲ စခန်း သို့ ပေါ်တာ အဖြစ် သူတို့ရိက္ခာ ကိုသယ်ဆောင်ခိုင်း......
တပ်မဟာ(၃) ညောင်လေးပင်ခရိုင်
-၂.၁.၂၀၁၀ နေ့ ကျွန်တော် တို့ရဲဘော်များ နှင့် နအဖ ရင်ဆိုင်တိုက်ပွဲ ထီးလယ်ဘောထာ အနီးတဝိုက်တွင် ဖြစ်ပွား ရာ စစ်ခွေး(၁)ကောင်သေ ပြီး (၁) ကောင်ဒဏ်ရာ
တပ်မဟာ(၆) ဒူးပလာယာ ခရိုင်
- ၄.၁.၂၀၁၀ အချိန် ၀၉:၄၈ မောင်မောင်မျိုး ဦးဆောင်သော ခမရ(၄၀၂) စစ်ကြောင်း(၂) ကို ကျွန်တော်တို့၏ တပ်ခွဲ(၁၆) က ပြောက်ကျား ဝင်ရောက် ပစ်ခတ်ရာ စစ်ခွေး(၁)ကောင် ဘဝပြောင်းသွား.......
ကိုင်း.....စစ်ခွေးတွေရေ
မင်းတို့ထမင်းဝအောင် သာစားထားကြ...မကြာခင်မင်းတို့လည်းဘဝပြောင်းခံထိတော့မယ်...တခုသတိထပ်ပေးလိုက် ဦးမယ်...ဘုရားတရားသံဃာ ကိုလည်းမမေ့နဲ့နော်....ဒါမှ ကောင်းရာသုဂတိလားမှာ......
Read More...
Summary only...
တပ်မ(၇၇) မှ အကြပ်တပ်သားများ နှုတ်ထွက်လွှာတင်
ပဲခူးမြို့တွင်အခြေစိုက်သော တပ်မ(၇၇)မှအရာရှိနဲ့အကြပ်တပ်သားတွေ အတော်များများ နှုတ်ထွက်လွှာတွေ တင်ကြလို့ အဲဒီတပ်တွေကို ထောက်လှမ်းရေး တပ်တွေနဲ့ဝိုင်းပြီးအဝင်အထွက်တွေ ပါပိတ်ထားပါတယ်၊၊
တိုးချဲ့တပ်တွေရဲ့ ဖွဲ့စည်းပုံမှာတပ်ရင်းတခုကို လူ၂၅၀လောက်ရှိတဲ့အနက် ၁၅၀ လောက်ကနှုတ်ထွက်လွှာတွေတင် ထားကြတယ်လို တပ်ကြပ်ကြီးတဦးနဲ့ ဆွေမျိုးတော်စပ်သူတဦးကပြောဆိုထားပါတယ်
အရာရှိ အကြပ်တပ်သား တွေနှုတ်ထွက်လွှာတင်တဲ့အဓိက အကြောင်းရင်းကတော့ လစာဝင်ငွေ မလောက်ငှမှုကြောင့် ဖြစ်တယ် လို့အစ်ကိုဖြစ်သူကို တွေ့ဖို့တပ်မ ၇၇ ကိုသွားရောက်ခဲ့သူ ကဆိုပါတယ်
အခုဆိုရင် နှုတ်ထွက်စာတင်သူတွေဟာ တိုးချဲ့တပ်ရင်းတွေမကတော့ပဲ တခြားတပ်တွေကို ကူးစက်လာနေတယ်လို့ တပ်မိသားစု တွေက ပြောနေပါတယ်။
နအဖ တပ်ကိုစည်းလုံးညီညွတ်မှု ကိုအခြေခံ ပြီးတည်ဆောက်ထား တယ်လို့ အထက်က ဗိုလ်ချုပ် တွေ ကပြောနေလည်း အကျိုးခံစားခွင့်တွေက မတူတော့ထွက်မဲ့ကောင်တွေရှိနေသလို အာဏာဖီဆန်တာ မျိုးလည်း ပေါ်ပေါက်လာတယ်
ဒီအတိုင်းပဲ တပ်မ ၆၆ မှာလည်း အမိန့်မနာခံပဲ အာဏာဖီဆန်တာ တွေဖြစ်လာတဲ့အတွက် တပ်အပြင်ထွက်ခွင့် ပိတ်ထားလည်း ခုထက်ထိ ဆက်ပြီး အာဏာဖီဆန် နေတုန်းပဲ လို့သိရပါတယ်၊၊
ကဲ.....နအဖ ဗိုလ်ချီး တွေဘယ်လိုလုပ်ကြမလဲဗျာ...စားကွက်တွေကို ဝေစားမျှစား မလုပ်တော့......ဟင်းဟင်းဟင်း......ခုတော့ သောက်ကျိုးတွေနဲတော့မယ်... ကိုင်း..... နအဖ တပ်က တပ်သားတွေရေ................. ခင်းဗျားတို့ ကျွှန်တော်တို့နဲ့မဟာမိတ်ဖွဲ့ ချင်ရင် တော့အမြင်မှန်တွေရ ပြီးလာခဲ့ပါ......လက်ကမ်းလို့ကြိုဆိုပါတယ်.......................
Read More...
Summary only...
- ၂၀၀၉ ခုနှစ် ဒီဇင်ဘာ လ ၁၂ ရက် နေ့ မှစပြီး နအဖ ခြေမြန်တပ် ၅၉၉ သည် ကျောက်ကြီး ညောင်လေးပင် ခရိုင်အနီးတ၀ိုက်ရှိ ကရင်ကျေးရွာမှ ကရင် လူထုအားအတင်းအကြပ်စစ်စခန်း ဆောက်လုပ်ခိုင်းနေသည်မှာ ယခုထက် ထိ မပြီးဆုံးသေး............
- တအိမ်တယောက်နှုန်းဖြင့် မသွားမနေရ ယခုထက်တိုင် လုပ်ကိုင်နေရဆဲ......
- မူသဲ ကျေးရွာမှ ရွာသူရွာသားများအား ရွာပြင်သို့ထွက်ခွင့်ပိတ်ပင်ထား.......ဒီ့ပြင် ရွာအပြင်တွင် ရွာသားများအားတွေ့ရှိပါက ပစ်သတ် မည်ဖြစ်ကြောင်း နအဖ စစ်တပ်မှ ခြိမ်းခြောက်ပြောဆိုထားသည်.....
- အဓိကကြောင်းရင်းကတော့ နအဖ နှင့် KNU တိုက်ပွဲဖြစ်တိုင်း နအဖ ဘက်တွင် ခွေးလိုဝက်လိုသေသည့်အတွက် KNU ကိုမနိုင်တိုင်း ကရင် လူထုအား ”ကုလားမနိုင် ရခိုင်မဲ“ ခြင်းသာဖြစ်သည်
- KNU ဘက်မှ ပဒို တဦးအဆိုအရ တိုက်ပွဲဖြစ်သော နေရာများသည် ထိုကျေးရွာများ နှင့်မနီးကြောင်း ပြောဆိုထားပါသည်၊၊
သြော်.....နအဖ နအဖ... တနေ့ကျရင် မင်းတို့ကို ကောင်းကောင်းကြီး ၀ဋ်လည်မှာကို မတွေးမိကြဘူးလား... အေးပေါ့ကွာ မိုး
ကောင်းတုန်းရွာထားပေါ့.... ဒါပေမဲ့ အလှည့်ကျ မနွဲ့စတမ်းပေါ့..... အဲဒီအခါကျမှ ကြောက်ပါပြီ.... အဘားအဘား လို့အော်မနေနဲ့...လဒ
စာတွေရေ........................................................
Read More...
Summary only...